tp.ico.jpg
Яеgic!dع (သက်ပိုင်): 2009
Wednesday, December 30, 2009

MYMC



ကွန်တော့်ဘလော့မှာတင်ထားတဲ့ ရေဒီယိုဆိုဒ်လေးပါ
သီချင်းမျိုးစုံနဲ့အခြားဂိမ်းတို့ ဗီဒီယိုတို့ ပါရှိပါတယ်
ကျွန်တော်ကြိုက်တဲ့ RnB နဲ့ HIPHOP အပြင်အခြား
အင်္ဂလိပ်သီချင်းတွေပါ ရှိပါတယ် ပြီးတော့ wrar ဖိုင်နဲဒေါင်းလော့လဲပေးလို့အခြားမသိသေးသူတွေအတွက်မျှဝေပေးလိုက်ပါတယ်
ဒီနေရာကနေ သွားလိုက်ပါ..။
အဲ့ဆိုဒ်လေးမှာပဲ бэst ၀f AKON playlist / RnB1 playlist & RnB2 playlist / HIPHOP1 / HIPHOP2 / HIPHOP3 playlist တွေကိုအလွယ်တကူရှာလို့ရအောင် လုပ်ပေးလိုက်ပါတယ်
အဟီးး :D အဲ့ကလူတွေနဲ့တော့အမျိုးလဲမတော်ဘူး သူတို့ကစပွန်ဆာလဲမပေးထားပါဘူး :P



၁။ ငါငိုရင် နင်မှားတယ်မမှားတယ်ဆိုတာကို ထားလိုက် ယောင်္ကျားလေးပီပီ
အရင်လာချော့ပါ။
၂။ စက္ကန့်တိုင်း မင်းကို သတိရနေမှာမဟုတ်ပါဘူး။ မင်းနဲ့အတူတူလောက်ပါပဲ။
၃။ ကောင်လေးချောတာလေးတွေတွေ့ရင် ငါတို့လဲ ကြည့်ချင်တာပေါ့။
၎။ ငါမင်းကို ရစ်နေတယ် ရှုပ်နေတယ် ဆိုတာကလဲ မင်းကို ဂရုပိုစိုက်စေချင်လို့ပါ။
၅။ မင်းချမ်းသာဖို့မလိုပါဘူး ဒါပေမဲ့ ချမ်းသာတဲ့သူ ဖြစ်ရမယ် ဆိုတဲ့
ရည်ရွယ်ချက်ရှိရင် လုံလောက်ပါပြီ။
၆။ တခါတလေ အပြင်သွားရင် သပ်သပ်ရပ်ရပ်လေးတော့ ၀တ်လာမှပေါ့။

၇။ ငါကလဲ အချောဆုံး အလှဆုံးမဟုတ်ပါဘူး။ ဒါပေမဲ့ ငါ့ကို လှတယ် ချစ်ဖို့ကောင်းတယ်
နူးညံ့သိမ်မွေ့တယ်လို့ ပြောတာတော့ ကြားချင်တာပေါ့။

၈။ ငါဆံပင်ကေပြောင်းတာ၊ မျက်လုံးအရောင်ခြယ်တာ၊ ဆံပင်အရောင်ပြောင်းတာ၊
ဖိနပ်အသစ်ဝတ်တာတွေ ကို မင်း သတိထားမိစေချင်ပါတယ်။

၉။ အသိအမှတ်ဖြစ်တဲ့ရက် မွေးနေ့တွေကို မင်းသိရမယ်။

၁၀။ ငါရဲ့ကိစ္စတွေအားလုံးကို မင်းကို ဝေမျှချင်တယ်။ ငါဘာကို လိမ်းထားတာ
အလှပြင်တဲ့အကြောင်းပြောရင် နားမလည်နေရင်တောင် နားထောင်စေချင်ပါတယ်။

ကျွန်တော်ကအိုသွေးပါ:P
အို-အေ (၁၀၀%)

အိုသွေး ယောင်္ကျားလေးများရဲ့ လွတ်လွတ်လပ်လပ် နေတတ်တဲ့ သဘောနဲ့ အေသွေးပိုင်ရှင် မိန်းကလေးများရဲ့ အလေးနက်ထားတတ်တဲ့ အကျင့်တွေကို ပေါင်းစပ်လိုက်ရင်တော့ သဘာဝကျတဲ့ အတွဲကို ဖြစ်စေပါတယ်။ အေသွေးပိုင်ရှင်မိန်းကလေးများကတော့ အိုသွေးပိုင်ရှင် ယောင်္ကျားလေးများကို အိုအေစစ်လို အေးမြစေချင်ကြပါတယ်တဲ့။ အမြဲတမ်း ကံကောင်းမှုကို ဖြစ်စေပါတယ်တဲ့။ မိတ်ဆွေအဆင့်ဆိုရင်တော့ အကျိုးရှိစေမယ့် စကားများကို ဖလှယ်ရင်းနဲ့ ခင်မင်မှုကို ပိုမို ဖြစ်စေပါတယ်။ အချင်းချင်း နောက်ပြောင်ပြောဆိုတဲ့ အခါမှာလည်း အပြန်အလှန် ဖလှယ်နိုင်တာကြောင့် လိုက်ဖက်ညီတဲ့ အတွဲလေးလည်း ဖြစ်နိုင်ပါတယ်တဲ့။

အို-ဘီ (၇၅%)
မိန်းကလေးဘက်က လိုက်ကပ်နေတတ်တဲ့ အခြေအနေမျိုးတွေ ရှိပါတယ်တဲ့။ အမြဲတမ်း ဘီသွေးမိန်းကလေးများရဲ့ စိတ်အသွားအလာကိုလည်း မခန့်မှန်းနိုင်လောက်အောင်ပါတဲ့။ စိတ်ကတော့ ကြင်ကြင်နာနာ ဆက်ဆံချင်ပေမယ့် လုပ်လိုက်တဲ့ အလုပ်တိုင်းကတော့ အဆင်မပြေတာချည်းပါပဲ။ ဒါပေမယ့် မိန်းကလေးဘက်ကတော့ သင့်ကို ကောင်းကောင်း ဆုံးဖြတ်နိုင်စွမ်းရှိတဲ့ ယောင်္ကျားတစ်ယောက်လို့ ယုံကြည်နေတတ်ပါတယ်။ ဒီအချက်ကို သတိထားပြီး သူမကို ဆွဲဆောင်ပါတဲ့။ ဒီလိုသာ လုပ်မယ်ဆိုရင်တော့ ပိုပြီးချစ်လာနိုင်ပါတယ်တဲ့။ အချင်းချင်း အလေးထားတာရော ကတိကိုတည်ချင်တဲ့ စိတ်ဓါတ်တွေအားလုံးကြောင့် အချင်းချင်း သစ္စာဖောက်တာမျိုး လုံးဝမရှိပါဘူး။ တကယ်တော့ အိုသွေးပိုင်ရှင်ယောင်္ကျားလေးများက ကလေးဆန်ပြီး ချွဲတတ်တဲ့ မိန်းကလေးမျိုးကို လိုလားသလို အိုသွေးမိန်းကလေးများကလည်း ကြင်နာပြီး နွေးထွေးတဲ့ ယောင်္ကျားမျိုးကို လိုလားပါတယ်တဲ့။ ဒီအချက်မှာတော့ နည်းနည်း အဆင်မသင့်တာမျိုးတော့ ရှိတတ်ပါတယ်။


ဆောက်တည်ရာမဲ့နေတဲ့-မျက်ဝန်း
ခိုကိုးရာပျောက်နေတဲ့-နှလုံးသား
ထာဝရဆုံးရှုံးသွားတဲ့-အနာဂါတ်
ဗြောင်းဆန်နေတဲ့-ပစ္စုပ္ပန်
သေရွာပြန်လာတဲ့-အမုန်း
အားလုံးဇာတ်သိမ်းတော့-ငါဟာ သေဆုံး

Saturday, November 28, 2009

တစ်နေ့


တနေ့
ငါမင်းကို မရှုပ်တော့ရင်.....တနေ့.......မင်းငါ့ကို... ဆက်သွယ်လို့မရတော့ဘူးဆိုရင်… မင်းဝမ်းမနည်းပါနဲ့… စိတ်မထိခိုက်ပါနဲ့… င့ါကို သတိမရပါနဲ့… ဒီလိုခပ်ဆိုးဆိုးကောင်လေးတယောက် မင်းကမ္ဘာထဲကို ၀င်ရောက်ခဲ့တယ်ဆိုတာကို မင်းမေ့လိုက်ပါ။
တနေ့ မင်းဆီ ငါဖုန်းမဆက်တော့တဲ့အခါ ငါ့ကိုမရှာပါနဲ့
တနေ့ မင်းဘေးနားမှာ ရစ်မဲ့သူမရှိတော့ဘူးဆိုရင်….. ငါအမြဲမှန်တယ်လို့ပြောတဲ့ငါ မင်းအပေါ် အလိုက်မသိ ဆိုးတဲ့ငါ… နောက်ငါးမိနစ် သုံးမိနစ် ဆိုပြီး ဖုန်းပြောဖို့ ဈေးစစ်နေတဲ့ ငါ… ဖုန်းချတော့မယ်ဆိုလဲ အာဘွား…. ပြန်တော့မယ်ဆိုလဲ နွေးထွေးတဲ့ပွေ့ပိုက်မှုကို တောင်းဆိုတဲ့ ငါ …. ဒီလို ငါ သာပျောက်သွားရင်………… ငါ့ကိုယ်ငါသာငါပြန်မုန်းလို့ ဒီကမ္ဘာမှာငါဆိုတာမရှိတော့ရင် မင်းပျော်နေမှာပါ..။
မင်းကို ချွဲမဲ့သူ မင်းဆိုးတာလေးကို သဘောကျတဲ့.. မင်းစကားသံကို နားထောင်ချင်တဲ့ … မင်းပြန်လာတာကို စောင့်နေချင်တဲ့… မင်းနဲ့ ဘာမှမဟုတ်ပဲစကားတွေအများကြိးပြောချင်တဲ့…. မှားသွားရင်လဲငိုနေတဲ့ငါဆိုတဲ့… တတွတ်တွတ်ရွတ်နေတဲ့ အဘိုးကြီးပေါက်စလေး… တခါတလေမှာ အလိုလိုက်ပြီး တခါတလေ လုပ်ချင်တာကိုလုပ်တဲ့…. ဒီလို ငါ မရှိရင် .. မင်းပျော်နေမှာပါ
တနေ့ မင်းအွန်လိုင်းဝင်လို့ ချောင်ကျနေတဲ့ငါ့မျက်နှာကို.. မြင်လိုက်ရင် ငါတကယ် ပင်ပန်းနေလို့ပါ… ငါ ဒဏ်ရာတွေနဲ့ နာကျင်နေလို့ပါ……

Friday, November 27, 2009

G talk (!nvisibl3) :D


အဟီးးးးးးးးး :D တော်တော်လေးကိုလိုက်ရှာပြီးခိုးလိုက်ရပါတယ် .။။ ဟဲဟဲ ဒါပေမယ့်စေတနာနဲ့ပါ :P
gmailတွင်Invisibleလုပ်လို့ရတာကိုတော့လူတိုင်းသိကြမှာပါ
အခုကျွန်တော်ဖော်ပြပေးထားတဲ့softwareကိုrunပြီးတော့သုံးကြည့်ကြည့်ပေါ့
နောက်ဆိုGtalkတော့ဖွင့်ထားချင်တယ်ဒါပေမဲ့ကိုယ်ပြောချင်တဲ့လူတွေနှင့်ပြောချင်တယ်
ဆိုရင်လည်းဒီsoftwareလေးကအဆင်ပြေပါတယ်
ဒါပေမဲ့conectionကောင်းမှသုံးလို့ရမှာပါ
သုံးကြည့်လိုက်ပါအုံး
ဒီနေရာမှာဒေါင်း လိုက်ပါ

ဒေါင်းလို့အဆင်မပြေရင်ကိုယ့်ဖာသာလိုက်ရှာကြနော် :P
:ပ

ကိုယ်ပိုင်ကွန်ပျူတာတွေကို Window ပြန်တင်ချင်ရင် အခုဖော်ပြမယ့် စာအုပ်ကို ဖတ်ပြီး လုပ်နိုင်ပါတယ်။ လိုအပ်တာကတော့ Window တင်တဲ့ CD ရယ်၊ မိမိစက်ရဲ့ Motherboard CD ရယ် ဖြစ်ပါတယ်။ ဒီစာအုပ်ကို ကြေညက်အောင် ဖတ်ပြီး Window ပြန်လည်တင်နိုင်ပါတယ်။ ကျွန်တော်ကတော့ အကိုကြီးတွေကိုတင်ခိုင်းတယ် :P။ စာအုပ်သာ ဖတ်ကြည့်ပေတော့။ စာအုပ်ကို ဒီမှာ Download လုပ်ယူပါ။


လောကမှာအရှုံးကိုသာ
ရင်ဆိုင်နေရသူအဖို့
အနိုင်လိုချင်မိတာ
အတ္တကြီးခြင်းမဟုတ်ပါ.....



အွန်လိုင်းပေါ်မှာ ဆော့လို့ ကောင်းမယ့် ဂိမ်းဆိုက်လေး တစ်ခုကို ဖော်ပြလိုက်ပါတယ်။ ကစားနည်းများစွာ ပါဝင်တဲ့အတွက် မိမိတို့ ကြိုက်နှစ်သက်ရာကို ပျော်ရွှင်စွာ ကစားနိုင်ပါတယ်။ စိတ်ဝင်စားသူများ ဒီဝက်ဆိုက်မှာ သွားရောက် ကစားနိုင်ပါတယ်။

ချစ်သူသည်..ပန်းတပွင့်နှင့်တူ၏...........
ချစ်ခြင်းမေတ္တာသည်.....
ထုံသင်းမွေးပျံ့သော...
ပန်းရနံ့နှင့်တူ၏.........
ထိုပန်းပွင့်မရှိတော့.....သော်လည်း......
ထိုပန်း၏ရနံ့သည်.............
ထုံသင်းမွေးပျံ့ဆဲဖြစ်၏.........

အမှောင်ကချောင်ထဲမှာ......
တစ်ယောက်တည်းထိုင်နေတုန်း.........
သရဲတကေါင်ဝင်လာတယ်......
အားးးးးးးးးးးး..!!!!!!!
အွန်...........???
သရဲကအော်ပြီး.လန့်ပြေးသွားတယ်......
ဘာကြောင့်လဲ?????
ဟားဟားဟာဟ.....
မကြောက်ပါနဲ့..ကိုကိုသရဲရယ်........
အဲ့ရုပ်ပြတ်ဆင်းပျက်ဖြစ်နေတဲ့.........
သတ္တ၀ါက..............
ငါ့နှလုံးသားပါကွာ.........။။။

ကိုယ့်ကိုယ်ကိုအချစ်ဆုံး
လူသားတွေကြားထဲမှာ
ငါလည်းမင်းကိုအချစ်ဆုံးလို့
မလိမ်ချင်ပါဘူး.....
ငါလည်းငါ့ကိုယ်ငါ အချစ်ဆုံးပါပဲ။
သို့ပေမယ့်လေ..........
မင်းကိုတော့...... အမြတ်နိုးဆုံး။


အချစ်ကိုရှေ့တန်းတင် တဏှာနဲ့တွဲပေးပြီး ရမ္မက်တိုက်စစ်နဲ့တိုက်မည် ကြိုက်ကြေးမပါယ်ပါ ပေါက်ကြေးက....... လယ်ပါယ်ထောင့်ငါးရာရှုံး


မိမိတို့ ကလေးဘ၀တုန်းက ဂိမ်းစက်တွေ စပေါ်တော့ Family Game ပါ။ နောက်တော့Nitendo။ ပြီးတော့ Sony Game။ PS2 ... PS3 , Network Game စသဖြင့် ပေါ်လာခဲ့တယ်။ မည်သည် ဂိမ်းအမျိုးအစားနဲ့ ကစားနည်းသစ်တွေ ပေါ်စေခဲ့မူ မိမိတို့ရဲ့ အသည်းမှာ စွဲနေခဲ့တဲ့ ကစားနည်းတစ်ခုကတော့ Mario Game လေးပါ။

အဲဒီ ဂိမ်းလေးကို ဆော့ကစားချင်စိတ် ဖြစ်မိတာနဲ့ အင်တာနက်မှာ ပြန်လည်ရှာဖွေခဲ့ပါတယ်။ ဖရီးနဲ့ အပြည့်ဆော့လို့ရတာကို ရှာရသေးတယ်။ ရလာတော့ ကွန်ပျူတာထဲ သွင်းပြီး ဆော့ကြည့်တယ်။ အရင်အတိုင်းပဲ ဆော့ကောင်းဆဲပါ။ ကဲပါလေ။ စိတ်ဝင်စားသူများ ဒီမှာ Download လုပ်ယူပါ။

Saturday, November 21, 2009

d3skt0p styL3s

Desktop မြင်ကွင်းဆန်းဆန်းတွေကို ပြုလုပ်ချင်တယ်ဆိုရင် သုံးနိုင်ပါတယ်။ လှပတဲ့ မြင်ကွင်းဆန်းလေးတွေနဲ့ စိတ်ကြည်နူးစွာ အလုပ်လုပ်ချင်သူများအတွက်တင်ပေးထားတာပါ။



ဒီမှာ Download ယူပါ။




ဒီမှာ Download ယူပါ။




ဒီမှာ Download ယူပါ။





ဒီမှာ Download ယူပါ။




ဒီမှာ Download ယူပါ။

ကျွန်တော်ကတော့အခုအောက်ဆုံးကပုံစံလေးကိုစမ်းပြီးအသုံးပြုနေပါတယ် နဂိုသုံးနေတဲ့ပုံစံပျောက်ပျက်မသွားပဲ အပေါ်ကနေအခွံလေးအုပ်ထားသလိုပဲ အလွယ်တကူအသုံးပြုနိုင်ပါတယ် မသုံးချင်တော့လို့ exit လုပ်လိုက်ရင်မိမိနဂိုသုံးနေတဲ့ desktop ပုံစံလေးကိုပြန်ရမှာပါ။


Window XP မှာ Window 7 Theme ပုံစံလေး ဖြစ်ဖို့အတွက် ယခုဖော်ပြတဲ့ ဆော့ဝဲလ်လေးက ပေါ့ပေါ့ပါးပါး လုပ်ဆောင်ပေးနိုင်ပါတယ်။ Desktop ကစပြီး Folder ပုံစံလေးတွေပါ ပြောင်းလဲ ပေးတဲ့အတွက် စိတ်ဝင်စားသူများ Download လုပ်ယူပါ။

ကျွန်တော်ကတော့ Gamer တဦးပီသစွာနဲ့ ပထမဦးဆုံး ကစားလို့ကောင်းတဲ့ ဂိမ်းလေးတခုကို စမ်းပြီးတင်ပေးလိုက်ပါတယ်


မိုးရေထဲမှာ မချမ်းနိုင်ပါဘူး။ ကိုယ်လျှောက်ရမယ့် လမ်းပေါ်မှာ ကြွက်တွေက ရောက်လာခဲ့တယ်။ ကြွက်ကိုက်တာ နာမနာတော့ မသိဘူး။ များများကိုက်ရင် သေတာပါပဲ။ ဒီတော့ ကြွက်မြင်ရင် ဓါးနဲ့ ခုတ်ရ၊ သေနတ်နဲ့ ပစ်ရနဲ့ တော်တော် အလုပ်ရှုပ်ပါတယ်။ ဒီကြားထဲ လူသေကောင်တွေက တစ်မျိုး။ ကိုယ်က လူစွမ်းကောင်း ဇာတ်လိုက် မင်းသားလေး။ တွေ့သမျှ ဓါတ်ဆီတိုင်ကီ တွေကအစ ပစ်ခတ်နေရတယ်။ ကိုယ်အသက် ရှင်သန်ဖို့။

ဂိမ်းကြော်ငြာကနေ ဘယ်ရောက်မှန်း မသိတော့ဘူး။ အထက်ကပြောသလို ဇာတ်လမ်းဂိမ်းလေးပါ။ အပစ်အခတ် ၀ါသနာပါသူများ၊ သဲထိပ်ရင်ဖို ကစားချင်သူများ စိတ်ပျော်စေမယ့် ဂိမ်းလေးပါ။ ဒီမှာ Download လုပ်ယူပါ။

ကျနော်သုံးနေတဲ့Gtalk လေးတစ်ခုပါ။ ကိုသံလုံငယ်ပြောင်းထားတာပါ ဒေါင်းပြီးစမ်းကြည့်လို့ရအောင်။
Image Hosting by imagefra.me
Download From Mediafire


သိပ်ကောင်းလွန်လှတဲ့ ဆော့ဝဲလ်လေးပါ။ မိမိတို့ လိုချင်သည့်များကို အင်တာနက်မှ အလွယ်တစ်ကူ ရှာဖွေ ဒေါင်းလုပ် လုပ်ယူလို့ ရပါတယ်။ သီချင်း၊ စာအုပ်၊ ဗီဒီယိုများအပြင် တစ်ခြားနည်းပညာ (၉)ခုလဲ ရှာဖွေ ယူလို့ ရပါတယ်။ သုံးကြည့်ပါ။ အကြိုက်တွေ့မှာပါ။ ကျွန်တော်အတွက်တော့ အဆင်ပြေနေပါတယ်။ ဆော့ဝဲလ်ကို ဒီမှာ Click လုပ်ယူပါ။

Friday, November 20, 2009

အဓိက

ဘ၀ဆိုတာ
တကယ်တော့ စစ်တုရင်နဲ့တူတယ်
ဘုရင်မ ကျရင် နောက်ထပ်တယောက်ထပ်ရနိုင်ပေမယ့်
ဘုရင် ကျရင်တော့ရှုံးပြီ။။။
ပေါက်တယ်နော် ....

ခင်မင်မှုကိုစဥ့်နီတုံးပေါ်တင်
ရမ္မက်ထန်တဲ့လက်နဲ့
အတ္တဓါးကိုင်စွဲပြီး
မင်းဖြတ်တောက်ဖို့မကြိုးစားနဲ့
သေချာကြည့်အဲ့ဒါ...............
အတ္တမာနကင်းတဲ့
အဖြူသက်သက်သံယောဇဉ်............. ကြိုး



ဘယ်ဘက်ရင်အုံမှာ........နေရာလစ်လပ်နေလို့..
နှလုံးဆိုတဲ့....ကာလနာ.သတ္တ၀ါကိုထည့်ထားတာ....
မဟုတ်ဘူး..........
မေးမယ်ဖြေ........!!!!!!!!
ငါ့မျက်ဝန်းထဲကို...........
ဘယ်သူမျက်ရည်တွေ..ထည့်ပေးခဲ့သလဲ?

ကြယ်ကြွေတာမြင်တိုင်း.......... ဆုတောင်းလို့ပြည့်မယ်ဆိုရင်လေ
ဟူးးးးးးးးးးးးးးးး..........
အခုတော့...........ကြွေသမျှကြယ်တွေထဲမှာ...
ငါ့ရဲ့ရူးသွပ်ခြင်းနဲ့.....
လွမ်းမောခြင်းတွေသာ.........ပါပါသွားလို့
ညဘက်ရောက်ရင်
ငါလေ.......
အပြင်ကိုမထွက်ချင်ဘူး.
ဘာမှမဆိုင်တဲ့..ကြယ်တွေကို.........
ငါ..................ဆဲမိမှာစိုးလို့

သစ္စာတရားကိုလေလံတင်ရောင်းချဖို့
ကြိုတင်စာရင်းပေးထားသူများအတွက်
အသည်းကွဲခြင်းလက်ဆောင်ကို
ကံစမ်းမဲအဖြစ်.....ထည့်ပေးထားမယ်
ယုံရဲ့ လား?

ငါဟာခပ်ပါးပါးလေးခပ်ယဲ့ယဲ့လေး
ပြုံးတတ်တဲ့
ချာတိတ်တယောက်ဖြစ်တယ်

ဆောင်းရာသီကြီးမှာ သစ်ရွက်တွေနွမ်းပြီး မြေပေါ်ကိုကျတယ်။
တစ်ခြားတိုင်းပြည်မှာ မရှိတဲ့ ရူးကြောင်ကြောင်အတွေးတွေနဲ့
ကိုယ့်ကိုကိုယ့်အထင်ကြီးတဲ့ လူမျိုးတွေနေထိုင်တယ်။
ဘာပြိုင်ပွဲတွေရှိရှိ အရက်စီးရားလို့အော်ကြတယ်။
ငါတို့ကတော့ သူတို့ကိုအရူးလို့သတ်မှတ်တယ်။
အဲဒီလိုနေရာမျိုးမှာ...
ငါတို့ကို အရူးမျက်လုံးတွေနဲ့ သူတို့ကကြည့်ကြသေးတယ်။
သူတို့ ဘာတွေပြောနေမှန်းလည်းမသိဘူး။
ဘယ်နေ့ပြန်ရမလဲဆိုတာပဲ ကြိုပြီးတွေးရတော့မယ်နဲ့တူတယ်။
ဘာမှကိုနားမလည်တော့ဘူး၊ မသိတော့ဘူး။
ဒီနှစ်တွေကို ဘယ်လိုဖြတ်သန်းရပါ့မလဲနော်။


ကျွန်တော်ကတော့ စစ်သားတယောက်ပါ ပြီးတော့ HIPHOP ဂီတကိုပက်ပက်စက်စက် သဘောကျတဲ့သူတယောက်ပါ...
သြော်စစ်သားဆိုလို့ ကြင်နာတတ်တဲ့အသည်းနှလုံးမရှိတဲ့သူလို့ မထင်နဲ့ဦးနော် စစ်သားဆိုတာလဲ လူပါပဲဗျာ.. ЯaPp3R တယောက်ဆိုလို့လဲ ဟော့ဟော့ရမ်းရမ်းလေးလို့ မထင်နဲ့ဦး..။ နည်းနည်းဂျစ်တီးဂျစ်ကန်နိုင်တယ် ပြောမရဆိုမရနဲ့ ပေါကြောင်ကြောင်နိုင်တာကလွဲရင် ကျန်တာကမကောင်းဘူး.။
ဒီလိုလေးလုပ်ချင်နေတာတော့ကြာပါပြီ ကိုယ်တိုင်ကလဲမလုပ်တတ်.. သင်ကြားဖို့ကလဲ ပျင်းနေလို့... ကျွန်တော်က Gam3Я ဗျ...........
အားရင်ဂိမ်းအမြဲဆော့တယ် အဆော့ကောင်းလို့လဲ ချစ်ချစ်တယောက်ကောက်ရထား၏ :P ကျွန်တော်လဲ အများသူငှာတွေရေးသလို ကိုယ့်ဘလော့လေးမှာ ဖွဲ့ဖွဲ့နွဲ့နွဲ့လေးတွေ ရေးချင်တာပေါ့ ခက်တာက ကျွန်တော်က စကားပြောမတတ်သလို စာလဲရေးတက်ဘူးဗျ....။

ငါ့လက်ထဲကဘတ်(စ)ကတ်ဘောလုံးဟာတန်ဖိုးသိပ်မရှိဘူး
မိုက်ကယ်ဂျော်ဒန်ရဲ့လက်ထဲကဘတ်(စ)ကတ်ဘောလုံးဟာဒေါ်လာသန်းချီတန်နေတယ်
ဒါဟာပစ္စည်းကိုင်ထားတဲ့သူအပေါ်ပဲမူတည်ပါတယ်။
ငါ့လက်ထဲကဘေ့(စ)ဘောလုံးလေးဟာတန်ဖိုးသိပ်မရှိဘူး
မက်(ခ)မစ်ဂေးရီရဲ့လက်ထဲကဘေ့(စ)ဘောလုံးဟာဒေါ်လာသန်းချီတန်နေတယ်
ဒါဟာပစ္စည်းကိုင်ထားတဲ့သူအပေါ်ပဲမူတည်ပါတယ်။
ငါ့လက်ထဲကဂေါ့(ဖ)ဘောလုံးလေးဟာတန်ဖိုးသိပ်မရှိဘူး
တိုက်ဂါးဝုဒ်ရဲ့လက်ထဲကဂေါ့(ဖ)ဘောလုံးလေးဟာဒေါ်လာသန်းချီတန်နေတယ်
ဒါဟာပစ္စည်းကိုင်ထားတဲ့သူအပေါ်ပဲမူတည်ပါတယ်။
ငါ့လက်ထဲကကြိမ်လုံးဟာတိရစ္ဆာန်ငယ်လေးတွေကိုပဲမောင်းထုတ်နိုင်တယ်
မော့ဆက်ရဲ့လက်ထဲကကြိမ်လုံးဟာခွန်အားကြီးမားတဲ့ပင်လယ်ကိုပိုင်းဖြတ်လိုက်နိုင်တယ်
ဒါဟာကိုင်တွယ်တဲ့သူအပေါ်ပဲမူတည်ပါတယ်။
ငါ့လက်ထဲကအစားအစာတစ်ခုဟာအများကြီးဖြစ်အောင်မလုပ်နိုင်ပေမယ့်
မြတ်စွာဘုရားရဲ့လက်ထဲမှာတော့သိန်းသန်းချီမကရှိနိုင်ပါတယ်
ဒါဟာလည်းကိုင်တဲ့သူရဲ့လက်အပေါ်မှာပဲမူတည်ပါတယ်။
ဒါတွေအားလုံးဟာကိုင်တွယ်တဲ့သူအပေါ်မှာပဲမူတည်နေတယ်ဆိုတာသင်မြင်တွေ့သွားပြီ
အဲဒီတွေဟာဘာကြောင့်ကွာခြားနေတာလဲ ?

အားလပ်ရက်တစ်ရက်တွင်..... ညနေခင်းလေးတစ်ခုမှာ ကျွန်တော်တစ်ယောက် ပန်းခြံထဲလမ်းလျှောက် ထွက်ခဲ့ ပါတယ် (ကိုယ်တိုင်ကလည်း စိတ်မကြည်မလင် ဖြစ်နေတာနဲ့)။ ပန်းခြံထဲရောက်ပြီ ဆိုပါတော့ဗျာ... အဲဒါနဲ့ ပန်းခြံထဲမှာ လမ်းပတ်လျှောက်ရင်း ဟိုကြည့်ဒီကြည့်ပေါ့... ဆော့နေတဲ့ခလေးတွေ... လူကြီးတွေ၊ လူငယ်တွေကို တွေ့တာပေါ့၊ ဒီလိုလျှောက်ရင်းလျှောက်ရင်းနဲ့ ထိုင်ခုံလေးတစ်ခုမှာထိုင်နေတဲ့ ကောင်လေးတစ် ယောက်ကို တွေ့တယ်ဗျ။ သူ့ပုံစံက အင်္ကျီရှပ်လက်ရှည်၊ ပုဆိုးကလူကြီးတွေဝတ်မှ လိုက်ဖက်မယ့် အကွက် ကျဲကျဲအဆင်မျိုးနဲ့ မျက်နှာမသာမယာဖြစ်နေတဲ့ပုံမျိုးလေးနဲ့ပါ။ ကျွန်တော်လည်း စိတ်ထဲမှာ တစ်မျိုးခံစားရတာမို့ ကောင်လေး ကိုကြည့်နေမိပါတယ်။ ဘေးပတ်ဝန်းကျင်ကို ကြည့်ပြန်တော့လည်း လူတွေကသွားလာနေကြတာပဲ၊ ဒီကောင် လေးကိုဂရုတစ်စိုက်မရှိကြဘူး၊ သတိပဲ မထားမိတာလားတော့မသိဘူး။ ဒီလိုနဲ့ကျွန်တော်လည်း ကောင်လေး အကြောင်းကိုစဉ်းစားရင်း အိမ်ကိုပြန်ခဲ့ပါတယ်။ နောက်တစ်နေ့ ဒီကောင်လေး ပန်းခြံကို ထပ်လာဦး မယ်နဲ့ တူတယ်...အင်း... အဲဒီအခါကျမှ ကောင်လေးကို အားပေးစကားလေး ဘာလေးပြောဦးမယ်လို့ စဉ်းစားလိုက်တယ်။ နောက်တစ်နေ့ရောက်တော့ ကျွန်တော်ကောင်လေးကိုထပ်ရှာပါတယ်၊ အရင်နေ့က နေရာမှာပဲထပ်တွေ့တယ်ဗျ၊ အဲဒီကောင်လေးက မနေ့ကအတိုင်း မျက်နှာမသာမယာလေးနဲ့ပဲ။ ကျွန်တော်လည်း သူ့အနားကိုသွားပြီး နှုတ်ဆက် လိုက်ပါတယ် "ညီ...မင်းတစ်ယောက်ထဲလားကွ"။ သူကလန့်သွားတဲ့ပုံစံနဲ့ "ဟုတ်ကဲ့ အစ်ကို" ဟုပြန်ပြောတယ်။ ဒီလိုနဲ့သူနှင့်ကျွန်တော် စကားတွေပြောကြပါတယ်။ 

ကျွန်တော်ဆိုတဲ့ ခပ်ကြောင်ကြောင် ချာတိတ်တကောင်
မျက်စိသူငယ်နားသူငယ်နဲ့ ရုရှားမြို့တော်(မော်စကို) ကိုရောက်ရှိခဲ့ပါတယ်။ ကျွန်တော့်ပညာရေးအတွက်ပေါ့.. သူတို့ဘာစကားတွေပြောနေလဲ.... ဆိုတာကို ကျတော်နားမလည်သလို.... ကျတော်ပြောတဲ့စကားတွေကိုလဲ သူတို့ နားမလည်ပါဘူး။
ဒီလိုနဲ့ပဲ.... သိပ်မကြာပါဘူး ကျွန်တော်ကျောင်းစတက်ပြီးသိပ်မကြာတဲ့ ကာလမှာ နှင်းတွေ စပြီးကျပါတယ် .... ကျွန်တော့်လိုခပ်ကြောင်ကြောင်ကောင်လေးတစ်ယောက်ကို ပထမဆုံး စတင်မိတ်ဆက်လိုက်ပါတယ် ....။