tp.ico.jpg
Яеgic!dع (သက်ပိုင်): တစ်နေ့
Saturday, November 28, 2009

တစ်နေ့


တနေ့
ငါမင်းကို မရှုပ်တော့ရင်.....တနေ့.......မင်းငါ့ကို... ဆက်သွယ်လို့မရတော့ဘူးဆိုရင်… မင်းဝမ်းမနည်းပါနဲ့… စိတ်မထိခိုက်ပါနဲ့… င့ါကို သတိမရပါနဲ့… ဒီလိုခပ်ဆိုးဆိုးကောင်လေးတယောက် မင်းကမ္ဘာထဲကို ၀င်ရောက်ခဲ့တယ်ဆိုတာကို မင်းမေ့လိုက်ပါ။
တနေ့ မင်းဆီ ငါဖုန်းမဆက်တော့တဲ့အခါ ငါ့ကိုမရှာပါနဲ့
တနေ့ မင်းဘေးနားမှာ ရစ်မဲ့သူမရှိတော့ဘူးဆိုရင်….. ငါအမြဲမှန်တယ်လို့ပြောတဲ့ငါ မင်းအပေါ် အလိုက်မသိ ဆိုးတဲ့ငါ… နောက်ငါးမိနစ် သုံးမိနစ် ဆိုပြီး ဖုန်းပြောဖို့ ဈေးစစ်နေတဲ့ ငါ… ဖုန်းချတော့မယ်ဆိုလဲ အာဘွား…. ပြန်တော့မယ်ဆိုလဲ နွေးထွေးတဲ့ပွေ့ပိုက်မှုကို တောင်းဆိုတဲ့ ငါ …. ဒီလို ငါ သာပျောက်သွားရင်………… ငါ့ကိုယ်ငါသာငါပြန်မုန်းလို့ ဒီကမ္ဘာမှာငါဆိုတာမရှိတော့ရင် မင်းပျော်နေမှာပါ..။
မင်းကို ချွဲမဲ့သူ မင်းဆိုးတာလေးကို သဘောကျတဲ့.. မင်းစကားသံကို နားထောင်ချင်တဲ့ … မင်းပြန်လာတာကို စောင့်နေချင်တဲ့… မင်းနဲ့ ဘာမှမဟုတ်ပဲစကားတွေအများကြိးပြောချင်တဲ့…. မှားသွားရင်လဲငိုနေတဲ့ငါဆိုတဲ့… တတွတ်တွတ်ရွတ်နေတဲ့ အဘိုးကြီးပေါက်စလေး… တခါတလေမှာ အလိုလိုက်ပြီး တခါတလေ လုပ်ချင်တာကိုလုပ်တဲ့…. ဒီလို ငါ မရှိရင် .. မင်းပျော်နေမှာပါ
တနေ့ မင်းအွန်လိုင်းဝင်လို့ ချောင်ကျနေတဲ့ငါ့မျက်နှာကို.. မြင်လိုက်ရင် ငါတကယ် ပင်ပန်းနေလို့ပါ… ငါ ဒဏ်ရာတွေနဲ့ နာကျင်နေလို့ပါ……


တနေ့ မင်းရဲ့ဘ၀ထဲမှာငါမရှိတော့ရင်… ငါမင်းအပေါ်ဆိုးခဲ့တာတွေ ၊ ငါ့ရဲ့ တယူသန်မှုတွေ၊ ခေါင်းမာတာတွေ၊ ငါနားလည်ခွင့်လွတ်ပေးတာတွေ၊ ငါဂရုစိုက်တာတွေ………. ငါကလေးလိုပြောနေတဲ့ အရူးစကားတွေ ၀မ်းနည်းတဲ့အချိန် စီးကျတဲ့ မျက်ရည်စက်တွေ သက်ပြင်းလေးချပြီးပြောတဲ့စကားတွေ….
ငါ့ဟန်ပန်အမူအရာတွေ နဲ့ ခပ်ဆိုးဆိုးငါ့ရဲ့  အသံတွေ အားလုံးကို အပြီးတိုင်မြေမြှုပ်ပစ်လိုက်ပါ.။။
တနေ့ မင်းရဲ့အတွေးထဲ ငါမရှိတော့ဘူးဆိုရင် ငါဘာကြိုက်တယ် ငါဘာကိုမကြိုက်ဘူး ဘာကို သဘောကျတယ် ဘာကိုကြည်နူးတက်တယ် ဘာကိုနာကျင်တက်လဲဆိုတာတွေကိုတော့မင်း မစဉ်းစားပါနဲ့။ မင်းနဲ့ပတ်သက်တဲ့ အတိတ်တွေအားလုံး မင်းအကျင့် မင်းရဲ့ပျော်ရွှင်မှု ၀မ်းနည်းမှုတွေ မင်းနှစ်သက်တာတွေ မင်းမနှစ်သက်တာတွေ မင်းငါ့ကြောင့်စိတ်ရှုပ်တာတွေိုအားလုံးအားလုံးကို ငါရင်မှာကဗျည်းထိုးထားတယ်။
အချစ်ဆိုတဲ့အရာမှာ ညီမျှတယ်ဆိုတာမရှိသလို ငါဘယ်လောက်ထိပေးဆပ်နေရတယ်ဆိုတာကို ငါမတိုင်းထွာပါဘူး… ဘာလို့လဲဆို အပျော်ရွှင်ဆုံးပျော်ရွှင်မှုကို မင်းပေးထားလို့ပါ……
တနေ့ မင်းဘ၀ထဲကငါပျောက်ကွယ်သွားရင် ငါနဲ့ပတ်သက်တဲ့အကြောင်းအရာအားလုံးကို မေ့လိုက်ပါ။ မင်းစိတ်ထိခိုက်မှာစိုးလို့ပါ။ ၀မ်းနည်းမှာစိုးလို့။ သတိရနေမှာစိုးလို့။ ဒါတွေက မင်းငါ့ကို ချစ်လို့မဟုတ်ပါဘူး။ ငါနဲ့ပတ်သက်တာတွေက အကျင့်တခုလိုဖြစ်သွားတဲ့ ငါ့ရဲ့ဖုန်း ငါ့ရဲ့မေးလ် ငါ့ရဲ့မျှော်လင့်ချက် ငါ့ရဲ့အချစ် ငါ့ရဲ့နားလည်မှုတွေကိုပါ……..ပျောက်ကွယ်သွားတဲ့ငါ့နဲ့အတူ သင်္ဂြိုဟ်လိုက်ပါ...။
တနေ့ မင်းရဲ့အနာဂတ်မှာ ငါမရှိဘူးဆိုရင် စိတ်ဓါတ်မကြံ့ခိုင်တဲ့ငါ ဒီလောကကိုရင်ဆိုင်တဲ့အခါ ဘာတွေဖြစ်လာမှာလဲ ...? ။
ငါမင်းလေးနားမှာ အမြဲရှိနေခွင့်မပိုင်ဆိုင်တော့ရင်…. မင်းစိတ်ညစ်တဲ့အချိန် ငါရယ်စရာတွေမပြောနိုင်တော့ရင် မင်းဝမ်းနည်းလို့ငါမနှစ်သိမ့်နိုင်ခဲ့ရင် မင်းစိတ်ကောက်လို့ နှုတ်ခမ်းလေးဆူလာတဲ့အခါ လိုက်စ တတ်တဲ့ငါ
ဆိုတဲ့ကောင် မရှိတော့ရင်............. မင်းအတွက် အရေးမပါတဲ့ငါ..... အသုံးမ၀င်တဲ့ငါ.......... မင်းကို မပျော်ရွှင်နိုင်စေတဲ့ငါ မင်းအတွက်အပိုလူ ငါ့ကို့ ပက်ပက်စက်စက် နာနာကျည်းကျည်း ခါးခါးသီသီး မုန်းတီး
ပစ်လိုက်ပါ...။ငါနားလည်ပါတယ်…. ငါမကောင်းတာပါ…. မင်းရဲ့ဘ၀မှာ ငါဆိုတဲ့ ငါ မရှိသင့်ဘူး…. ငါ မင်းအနားက မင်းမသိတဲ့နေရာလေးမှာငါနေပြီး တိတ်တခိုးနဲ့ ငါချစ်နေသင့်တယ်… ငါသတိရနေသင့်တယ်..
ဒါပေမဲ့ ငါမရှိတော့ဘူးးးးးးးးးးးးးးးးးးးးးးး
ဒီနေ့ရဲ့ သူစိမ်းဆန်မှုဟာ...... မနေ့ကရင်းနှီးခဲ့လို့ပါ....။

0 comments:

Post a Comment