tp.ico.jpg
Яеgic!dع (သက်ပိုင်): ပထမဆုံးမိတ်ဆွေသစ်

ကျွန်တော်ဆိုတဲ့ ခပ်ကြောင်ကြောင် ချာတိတ်တကောင်
မျက်စိသူငယ်နားသူငယ်နဲ့ ရုရှားမြို့တော်(မော်စကို) ကိုရောက်ရှိခဲ့ပါတယ်။ ကျွန်တော့်ပညာရေးအတွက်ပေါ့.. သူတို့ဘာစကားတွေပြောနေလဲ.... ဆိုတာကို ကျတော်နားမလည်သလို.... ကျတော်ပြောတဲ့စကားတွေကိုလဲ သူတို့ နားမလည်ပါဘူး။
ဒီလိုနဲ့ပဲ.... သိပ်မကြာပါဘူး ကျွန်တော်ကျောင်းစတက်ပြီးသိပ်မကြာတဲ့ ကာလမှာ နှင်းတွေ စပြီးကျပါတယ် .... ကျွန်တော့်လိုခပ်ကြောင်ကြောင်ကောင်လေးတစ်ယောက်ကို ပထမဆုံး စတင်မိတ်ဆက်လိုက်ပါတယ် ....။

ကျွန်တော်က တယောက်တည်းနေရတာ အကျင့်တခုလိုဖြစ်နေပြီ တစိမ်းတွေနဲ့ဆိုတော့ ပိုဆိုးတာပေါ့.....။ သူတို့တွေက ပျော်ရွှင်မြူးတူးစွာနဲ့ ကျွန်တော့် ခန္ဓာကိုယ်ကိုစတင်ရိုက်ခတ် ဆော့ကစား ခါစကတော့ ဒေါသတော်တော်ထွက်မိပါတယ် .။သူတို့ကြောင့် ကျွန်တော် အနွေးထည် အထူကြီးတွေ ၀တ်ရတယ်........။
သူတို့ကြောင့် ရှားပါးပြီးတန်ဖိုးရှိတဲ့ ကျွန်တော့်ခေါင်းရဲ့ဆံပင် အနက်ရောင်တွေကို လူတွေ မမြင်နိုင်အောင်
ခေါင်းစွပ်ထူထူကြီးတွေကိုဖုံးအုပ်ထားရပါတယ်..။ သူတို့ကြောင့် ကျောင်းသွားရင် ဘောင်းဘီဖင်တွေ ကွက်ရပါတယ် ခဏခဏ ချော်လဲလို့လေ...။ ဒါပေမယ့်အချိန်တွေ.. ကြာလာတော့လဲ သူတို့ကို ကျွန်တော် သံယောဇဉ်ဖြစ်မိလာတယ်ဗျာ... အနေနီးတာလဲပါမှာပေါ့နော် (မည်သူ့ကိုမျှမရည်ရွယ်ပါ).................။ နောက်တော့ကျွန်တော်ကျောင်းသွားတိုင်း သူတို့က ကျွန်တော့်ကို ကျောင်းလိုက်ပို့ပါတယ်.......။ ကျွန်တော်ကျောင်းကပြန်တော့လဲ သူတို့လိုက်ပို့တာပဲ.......။ ကျွန်တော်သူတို့နဲ့နေရတာ ပျော်တတ်လာပါတယ်..
ကျောင်းသွားကျောင်းပြန်သူတို့နဲ့ဆော့တယ် ကျွန်တော့်သူတို့ကြားထဲဝင်ထိုင်ပြီး ဓါတ်ပုံရိုက်တယ်........။ တခါတလေ ကျွန်တော်စိတ်တိုနေရင်.... သူတို့ကိုပိတ်ကန်ပစ်တယ်...။ ဒါပေမယ့် ကျွန်တော်ဘာလုပ်လုပ် သူတို့ကဘာမှလဲ ပြန်မပြောဘူး ကျွန်တော်လုပ်သမျှကို ခံတယ်..........။ သူတို့က ဒီမှာနေထိုင်တဲ့လူမျိုးတွေလို လူမျိုးလဲ မခွဲခြားတတ်ဘူးဗျ....။တခါတလေ ကျွန်တော် တခုခုကိုစဉ်းစားနေရင် သူတို့က ကျွန်တော့်ရဲ့ မျက်လုံးလေးတွေကို အဖော်လုပ်ပေးတတ်သေးတယ် ။။။ ဒီမှာရှိနေတဲ့သက်ရှိလူသားတွေ ထက်စာရင် သူတို့က ကျွန်တော့်ကိုနားလည်ပေးတယ်...။ အိမ်ရှင်တွေ ထက်စာရင် သူတို့က ပြီးပြီးနွေးထွေးတယ် ဖြူစင်တယ် .. သူတို့ကိုကျွန်တော် ချစ်တယ်.. ။ ကျွန်တော်အမိမြန်မာပြည်ကို ပြန်သွားရင်လဲ သူတို့ကိုမေ့မှာမဟုတ်ပါဘူး ။။ ဒါပေမယ့်လေ ဒီနှစ်တော့ သူတို့ကို ကျွန်တော်မျှော်နေမှန်းသိရဲ့နဲ့ အခုချိန်ထိ ရောက်မလာသေးပါဘူးဗျာ...။ သူတို့ရော သူတို့သခင်တွေလို လူမျိုးရေးခွဲခြားတတ်လား...? နိုင်ငံခြားသားတွေဆိုအဖတ်မတန်သလို ဆက်ဆံသွားကြပြီလား.....? ဒါပေမယ့်လေ သူတို့ကို ကျွန်တော်မျှော်နေတယ်ဆိုတာတော့ ပြောပြပေးပါ..။ ''နှင်း''မြန်မြန်ကျပါတော့...............................

0 comments:

Post a Comment