tp.ico.jpg
Яеgic!dع (သက်ပိုင်): ကျွန်တော်နှင့်သက်ဆိုင်သမျှ


ကျွန်တော်ကတော့ စစ်သားတယောက်ပါ ပြီးတော့ HIPHOP ဂီတကိုပက်ပက်စက်စက် သဘောကျတဲ့သူတယောက်ပါ...
သြော်စစ်သားဆိုလို့ ကြင်နာတတ်တဲ့အသည်းနှလုံးမရှိတဲ့သူလို့ မထင်နဲ့ဦးနော် စစ်သားဆိုတာလဲ လူပါပဲဗျာ.. ЯaPp3R တယောက်ဆိုလို့လဲ ဟော့ဟော့ရမ်းရမ်းလေးလို့ မထင်နဲ့ဦး..။ နည်းနည်းဂျစ်တီးဂျစ်ကန်နိုင်တယ် ပြောမရဆိုမရနဲ့ ပေါကြောင်ကြောင်နိုင်တာကလွဲရင် ကျန်တာကမကောင်းဘူး.။
ဒီလိုလေးလုပ်ချင်နေတာတော့ကြာပါပြီ ကိုယ်တိုင်ကလဲမလုပ်တတ်.. သင်ကြားဖို့ကလဲ ပျင်းနေလို့... ကျွန်တော်က Gam3Я ဗျ...........
အားရင်ဂိမ်းအမြဲဆော့တယ် အဆော့ကောင်းလို့လဲ ချစ်ချစ်တယောက်ကောက်ရထား၏ :P ကျွန်တော်လဲ အများသူငှာတွေရေးသလို ကိုယ့်ဘလော့လေးမှာ ဖွဲ့ဖွဲ့နွဲ့နွဲ့လေးတွေ ရေးချင်တာပေါ့ ခက်တာက ကျွန်တော်က စကားပြောမတတ်သလို စာလဲရေးတက်ဘူးဗျ....။

ဒါပေမယ့် ဘာမှကို ဟုတ်တိပက်တိ မရေးနိုင်၊ မတင်နိုင်သေးပါဘူး။ ဒီလိုနဲ့ပဲ ဘလော့ကမ္ဘာကြီးထဲမှာ မျက်စိသူငယ်၊ နားသူငယ် နဲ့ စာသူငယ်လေး လိုဖြစ်နေပါပြီ။ အဲဒါနဲ့ပဲ ကိုယ့်ဥစ္စာလေးကို တစ်နေကုန်ထိုင်ပြီး တစ်စိမ့်စိမ့်ကြည့်လိုက်၊ ဘလော့ကမ္ဘာကြီးထဲမှာပဲ
လိုက်လည်လိုက်နဲ့ပေါ့။ အခုတော့ ကျွန်တော်တစ်ယောက် ဗေဒါမာန်အံကိုခဲလျက်၊ ငါလိုလူဤဇမ္ဘူဘယ်မရှိဆိုပြီး အားတင်းလျက် ကြိုးစား၍ ရေးလိုက်ချေလေပြီကော။
ခပ်ရှင်းရှင်းလေးပြောရရင် ကျွန်တော်ဆိုတဲ့ ကောင်ကခပ်ဘ၀င်မြင့်မြင့်ကောင်ပဲ တခါတလေဆို လမ်းလျှောက်ရင် မြေကြီးနဲ့ဖ၀ါးနဲ့ လွတ်နေတာ (ဖိနပ်စီးထားလို့:P) ပြီးတော့ ကျွန်တော့်မှာ ခပ်ဆိုးဆိုးဂျစ်သူ တယောက်လဲရှိသေးတယ်
ရေးချင်တာပေါ့ဗျာ ကျွန်တော်ဘလော့လုပ်တဲ့ရည်ရွယ်ချက် ကတော့ လူအများရဲ့ ကိုယ်ပိုင်အတွေးအခေါ် အယူအဆနဲ့ နည်းပညာတွေဖလှယ်လို့ရအောင်ပါ....။ ကျွန်တော်ကိုယ်တိုင်ကတော့ စာတွေရေးရတာထက်
ကဗျာလိုလို ဒဿနလိုလို စာအတိုအစလေးတွေ ရေးရတာကို ပိုသဘောကျတယ်ဗျ..... အခုတော့သိသမျှ တတ်သမျှလေးတွေကို ရေးသားပြီး ပညာရှင်တွေဆီက လိုက်လံဆည်းပူးနေပါတယ် သိရင်လဲနည်းနည်းလောက်
ပြောပြခဲ့ကြပါ...။
မှတ်ချက်။။ကျွန်တော်ဘလော့ပြုလုပ်ရာတွင်ကူညီကြသောကိုလင်းနှင့် နောင်တော်များအားအထူးပင်ကျေးဇူးတင်ရှိပါသည်။

0 comments:

Post a Comment